သင့်အနေနဲ့ /မိန်းမကိုယ်နဲ့ ပတ်သက်လို့ /ကြုံလာရနိုင်တဲ့ /ပြဿနာတွေ /အများကြီးရှိပါတယ်။ အခုတစ်ခေါက်ဗီဒီယိုမှာတော့ /ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေရဲ့ /ပြောဆို ချက်တွေကို အခြေခံထားပြီးတော့ /မိန်းမကိုယ်နဲ့ ပတ်သက်ပြီး /ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေတွေကို /ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာ/ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင်
==========================
မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊/ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ/ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် /သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ /များသောအားဖြင့်တော့ /ဒီလိုအခြေအနေမျိုးဟာ/ သိပ်ပြဿနာမရှိဘူးလို့ဆိုပါတယ်။
အရေပြားအပြင်ကို ထွက်လာရမယ့်အစား/အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင်/ (မွေးကျွတ်နာ) လိုမျိုးကနေ /သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။/ များသောအားဖြင့် /ရေနွေးလေးနဲ့ ဆေးပေးတာ၊/ ရေချိုးပေးတာမျိုးတွေက/အကောင်းဆုံးကုသမှုပဲဖြစ်ပါတယ်။ /အဖုနေရာလေးကနေ/ နာကျင်လာတာမျိုးရှိမယ်ဆိုရင်တော့ /ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် /ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုအပ်ပါလိမ့်မယ်။
၂။ အနံ့အသက် မကောင်းတာ

တကယ်လို့ /သင့်ရဲ့ မိန်းမကိုယ်ကနေ /ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ရနေပြီဆိုရင်တော့/ ဂရုစိုက်ဖို့လိုအပ်နေပါပြီ။/ ဒီလိုမျိုး /မူမမှန်တဲ့ အနံ့တွေရတာဟာ /အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် /ဆရာဝန်နဲ့ ပြသဆွေးနွေးတာတော့/ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။/ တကယ်လို့/အနံ့မကောင်းတဲ့ အရည်တွေပါ ဆင်းတယ်ဆိုရင်/ ဒါဟာ ဘက်တီးရီးယားပိုးဝင်တာ ဖြစ်နိုင်တဲ့ အတွက်/ ပဋိဇီဝဆေးတွေ သောက်ဖို့ လိုပါတယ်။/
၃။ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတာ
===========================
တစ်ခါတလေ ဖြစ်တာမျိုးဆိုရင်တော့ /ဒါဟာ /သင်သောက်နေတဲ့ ဆေးတမျိုးမျိုးကြောင့် /ဟော်မုန်းဓာတ်အပြောင်းအလဲဖြစ်တာလို့ သတ်မှတ်နိုင်ပေမယ့်/ တောက်လျှောက်ကြီးဖြစ်နေပြီဆိုရင်တော့ / ပိုးဝင်တာ၊ /ကိုယ်ဝန်ရှိတာ /ဒါမှမဟုတ် /သားအိမ်ခေါင်းမှာ အလုံးဖြစ်တာ/ စတဲ့ အခြေအနေတွေဖြစ်နိုင်တဲ့အတွက် /ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။
တကယ်လို့ /သွေးဆင်းတာဟာ /လိင်ဆက်ဆံပြီးချိန်မှာ ဖြစ်မယ် /ဒါမှမဟုတ် အရည်တွေဆင်းတာပါ တွဲနေမယ်ဆိုရငတော့ /လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတခုခုရဲ့/ လက္ခဏာဖြစ်နိုင်တာမို့ /ဆီးပူညောင်းကျ နဲ့ ကလာမိုင်းဒီးယား ရောဂါတွေရှိမရှိ/ စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီလိုမျိုး သွေးဆင်းတာဟာ/ လိင်ဆက်ဆံပြီးချိန်မှာ/ တစ်ခါလောက်ဆင်းတာ ဖြစ်နိုင်သလို/ ဘာထူးထူးခြားခြားပြဿနာမှ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။
၄။ ယားယံတာ
============
ဘောင်းဘီထဲ တစ်ခုခုဝင်နေသလို /နေမထိထိုင်မသာ ယားယံနေတာမျိုး /ဒါမှမဟုတ်/ တစ်ချိန်လုံးယားယံနေတာမျိုး/အထူးသဖြင့် အဖြူဆင်းတာနဲ့ တွဲနေမယ်ဆိုရင်တော့/ yeast မှိုစွဲတာ /ဒါမှမဟုတ် ဘက်တီးရီးယား ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။/
သင့်အနေနဲ့/ ဆေးမျိုးစုံပြီး နည်းအမျိုးမျိုးနဲ့ ကုသပြီးချိန်ထိ/ ယားတာမသက်သာသေးဘူးဆိုရင်တော့ / သင်သုံးနေတဲ့ (ဆပ်ပြာ၊/ အမျိုးသမီးသုံး သန့်စင်ရည်/ ဒါမှမဟုတ်/ အတွင်းခံဘောင်းဘီ/ စတာတွေနဲ့ /ဓာတ်မတည့်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
၅။ အဖြူဆင်းတာ
==============
အဖြူဆင်းတယ်ဆိုတာဟာလည်း/ ပြဿနာ အမျိုးမျိုးဆီ ဦးတည်လာနိုင်ပါတယ်။/ ဒါပေမယ့် /ဒီလို အဖြူဆင်းတာဟာ/ လစဉ်ဖြစ်နေကျ ဆိုရင်တော့ /ဒါဟာ အမျိုးသမီးအများစု ဖြစ်နေကျမို့ /စိုးရိမ်စရာတော့မရှိပါဘူး။ /ဒါပေမယ့် အရည်ရဲ့ အရောင်၊/အပျစ်အကျဲ နဲ့/ အနံ့အသက်တွေပါ ပြောင်းလဲလာပြီဆိုရင်တော့/ သားဖွားမီးယပ်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။/
၆။ ဆီးသွားရင် (သို့မဟုတ်) လိင်ဆက်ဆံရင်နာကျင်တာ
======================================
ဒီလိုနာကျင်တာမျိုးဟာ/ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေရဲ့ /လက္ခဏာတစ်ခုဖြစ်နိုင်တဲ့အတွက်/ ခံစားနေရတာ/ ရက်အနည်းငယ်လောက်ကြာတဲ့အထိ/ မသက်သာဘူးဆိုရင်တော့/ ဆရာဝန်ဆီပြေးသင့်ပါတယ်။ /တကယ်လို့ လိင်ဆက်ဆံပြီးချိန် နာကျင်တာမျိုးဟာ/တစ်ခါနှစ်ခါလောက်ပဲ ဖြစ်တာဆိုရင်တော့/ မိန်းမကိုယ်ခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်တာမို့ /နောက်တစ်ကြိမ်မှာ/ ချောဆီဂျဲယ်လ်သုံးပြီး စမ်းကြည့်သင့်ပါတယ်။
၇။ ထုံနေတာ
===========
ပုံမှန်အတိုင်းဆိုရင်တော့/ မိန်းမကိုယ်ကနေ /ထုံကျင်သလိုမျိုးခံစားနေရတယ်ဆိုတာက/ ဖြစ်လေ့ဖြစ်ထ လုံးဝမရှိပါဖူး။/ဒါပေမယ့် စက်ဘီးအရမ်းစီးသူတွေ၊/ စက်နဲ့ စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း အလုပ်များသူတွေမှာတော့/ ဖြစ်တတ်ပါတယ်။/
သင်က အမြဲတမ်းစက်ဘီးစီးနေရသူဆိုရင်တော့/ အရည်အသွေးကောင်းပြီး သက်သောင့်သက်သာဖြစ်တဲ့/ စက်ဘီးထိုင်ခုံမျိုးကို ရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။/
၈။ ခြောက်သွေ့တာ
==============
မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာဟာ/ အသက်ကြီးကြီး အမျိုးသမီးတွေသာ/ တွေ့ရမယ့် ပြဿနာလို့ ထင်ရပေမယ့် / တခြားအမျိုးသမီးတွေလည်း/ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။/ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ/ ဒါမှမဟုတ် antihistamine ဆေးတွေ/ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ဆေးတွေကို/ သုံးစွဲနေစဉ်မှာလည်း /မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။/
တကယ်လို့ သင့်ရဲ့ မိန်းမကိုယ်ဟာ နေရထိုင်ခက်လောက်အောင် ခြောက်သွေ့နေရင်တော့ ဂျဲယ်လ်ချောဆီတွေကို အသုံးပြုနိုင်သလို ဒါနဲ့မှ မရဘူးဆိုရင်လည်း ဆရာဝန်နဲ့ ပြသအကူအညီတောင်းနိုင်ပါတယ်။
၉။ မိန်းမကိုယ်အတွင်းပိုင်းထဲက နာကျင်တာ
==============================
အထူးသဖြင့်လိင်ဆက်ဆံနေစဉ်မှာ ဒီလိုမျိုးနာကျင်တယ်ဆိုရင် ဒါဟာ သားအိမ်သွေးလုံးတည်ရောဂါ ဒါမှမဟုတ် သားဥအိမ်မှာ အရည်အိတ်တည်တာမျိုး ဖြစ်နိုင်တာကြောင့် သေသေချာချာလေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
မိန်းမကိုယ်နဲ့ပတ်သတ်ပြီး ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက အထောက်အကူပြုပေးနိုင်မယ်လို့ထင်ပါတယ်။
